သရက် မတ် ၂၄
မကွေးတိုင်းဒေသကြိး သရက်မြို့တွင် ၂၀၁၅ခုနှစ် တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကိုယနေ့ နံနက်(၈)နာရီက ခရိုင် ကျန်ူမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင် အုပ်ချုပ်ရေးမှူး၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာအကြိးအကဲများ၊ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးပြိး သရက်ခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးဥိးစီးဌာနမှူး
ဒေါက်တာသီတာစိုးက ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ (၂၀၁၅)ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အဖွင့်မိန့်ခွန်းအား ဖတ်ကြားပေးခဲ့သည်။ ထို့နောက် တီဘီဌာနမှသူနာပြုဆရာမ
ဒေါ်ဝင့်သီရိနိုင်က တီဘီရောဂါ အကြောင်း သိကောင်းစရာများကို အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးပေး ခဲ့ကြောင်းသိရသည်။
ဇော်ထက်(သရက်)
Thursday, March 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment