ဆင်ပေါင်ဝဲ မတ်(၂၆)
ဆင်ပေါင်ဝဲမြို့၌ နှစ်(၇၀)ပြည့် တပ်မ တော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လမ်းမတော်လမ်း ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ၂၀၁၅-ခုနှစ်၊မတ်လ (၂၅)ရက် နံနက် (၈:၀၀)နာရီက အဆိုပါ ကတ္တရာလမ်းသစ် မုခ်ဦး၌ ကျင်းပရာ ရှေ့ဦးစွာ မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်း ရေးမှူး ဦးမျိုးနိုင် က လမ်းမတော် လမ်း ကတ္တရာခင်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး မြို့မိမြို့ဖ ဦးမောင်မောင်က ကျေးဇူးတင်စကား
ပြန်လည်ပြောကြားသည်။
ဆက်လက်၍ အဆိုပါ ကတ္တရာ လမ်း သစ်အား မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင့်လွင်၊ မြို့နယ်ဖွံဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဌ ဦးသန်းစို့း နှင့် မြို့နယ်စည် ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးမျိုးနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကတ္တရာ လမ်းသစ်အား ကြည့်ရှု စစ်ဆေး ကြသည်။
အဆိုပါ အခမ်းနားသို့ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်ဌာနဆိုင်ရာများ၊မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ မြိုနယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ လူမူရေးအသင်းအဖွဲ့များနှင့်
ဒေသခံပြည်သူများ ဆက်ရောက်ကြပြီး အဆိုပါလမ်းမတော်လမ်း တစ်လျှောက် အမှတ်(၅ )လမ်းမှ အမှတ်
( ၇)လမ်းအထိ အရှည်ပေ(ရ၁၅)ပေ၊အကျယ်(၁၂)ပေအား မြို့နယ်စည်ပင်သာယာရေးကော်မတီက
ငွေကျပ်သိန်း(၁၀၀) အကုန်ကျခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လမ်းမတော်လမ်းသည် မြို့၏ အဓိက ကျသည့် မြို့ပတ်လမ်း တစ်လမ်း ဖြစ်ပြီးယခင်က
ကျောက်ချောလမ်း အဆင့်သာဖြစ်၍ လမ်းမျက်နှာပြင် မညီညာခြင်း၊ ချိုင့်ခွက်များ၊ရေအိုင်များရှိခြင်းနှင့် ၄င်းတို့ကို ရှောင်ကွင်း သွားနေရသည့်အတွက် အသုံးပြုသူ ပြည် သူ များ အနေဖြင့် ယာဉ်အန္တရာယ် စိုးရိမ်ရပြီး ယခုဖွင့်လှစ်သည့် လမ်း မ တော်လမ်း နှင့်အတူ အရှည်ပေ( ၉၉၀)ပေ ရှိသည့် အမှတ်
( ၇)လမ်းကိုပါ တစ်ဆက် တည်း ကတ္တရာလမ်းသစ် ခင်းပေး နိုင်ခဲ့ခြင်း ကြောင့် လမ်းအသုံးပြည်သူများနှင့် အခြေခံ ပညာ အထက်တန်းကျောင်းသို့ ပညာသင်ကြားရန် သွားရောက်သည့် ကျောင်းသား/ သူများ ယာဉ်အန္တာရာယ် ကင်းရှင်းစွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment