၂၀၁၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လည် (၂း ၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းမှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ ''စတား'' ပဲဆံကြော်ဖိုအနီး ပဲကြော်ရာတွင်အသုံးပြုသည့် လောင်စာပုံတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ဦးနှင့် မီးသတ်ကား ၃ စီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁ဝ ဦး၊ ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၄၂၅ အချိန် မီးငြိမ်းခဲ့ ကြောင်းနှင့် မီးလောင် ကျွမ်းမှုကြောင့် သစ်ပါးလွှာဖတ် တန်ဖိုးငွေ ၇၅ဝဝိ/-ခန့်ဆုံးရှုံးခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖြစ်စဉ်အားစစ်ဆေးရာ စတားပဲဆံကြော်လုပ်ငန်းပိုင်ရှင် ဦးကျော်ကျော် (၄၈)နှစ်၏ ပဲကြော်ဖိုဝန်း အတွင်း ပဲကြော်ဖိုလုပ်သားဖြစ်သူ ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်နေ မြတ်သူ(၃၉)နှစ်မှ လောင်စာ အဖြစ် အသုံးပြုရန်စုပုံထားသည့် သစ်ပါးလွှာဖတ်စများအနီးတွင် ပဲကြော်ဖိုမှထွက်ရှိသော ပြာပူများ စွန့်ပစ်ရာမှ သစ်ပါးလွှာများအားမီးစွဲလောင်ကျွမ်းခဲ့ပြီး မီးပေါ့ဆစွာအသုံးပြုသူ မြတ်သူအား ရေစကြို မြို့နယ်၊ မြို့မရဲစခန်း (ပ)၃၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူမှု ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment