၂၀၁၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ညနေ (၅) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ဆေးရုံ၌ လူသေအလောင်းတစ်လောင်းရောက်ရှိနေကြောင်း သတင်း အရ မြစ်ခြေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
သေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နေ နိုင်လင်း(ခ) နိုင်လင်းဦး (ခ) ကရင်လေး၊ ၂၆နှစ်ဖြစ်ပြီး ယာပါးရိုးပွန်းဒဏ်ရာ၊ ဝဲ/ယာဒူးပွန်းဒဏ်ရာ၊ ဝဲ/ယာခြေသလုံးဆူးခြစ် ဒဏ်ရာ များ တွေ့ရှိရသည်။

မော်လမြိုင်ကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးမှ တန့်ကြည့်တောင်ပေါ်သို့ ဘုရားဖူးလာသည့် (၁၂)ဦး အဖွဲ့မှဖြစ်ကြောင်း၊ ၎င်းမှာအရက်ဖြတ်ထားသူဖြစ်ပြီး စိတ်ကစဥ့်လျားဖြစ်ကာ နေ့လည် (၃)နာရီ အချိန်ခန့်က တန့်ကြည့်တောင်ဘုရား အရှေ့ဘက် ပေါက်ကံမျှော်ဘုရားကုန်း တောင်တက်လမ်း ယာဘက် (၁၂)ပေခန့်အနက်ရှိ ချောက်အတွင်းသို့ ခုန်ချရာမှ ဒဏ်ရာများရရှိပြီး မြစ်ခြေတိုက်နယ် ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာ အတိုင်း ဟုတ်/မဟုတ်စစ်ဆေးနိုင်ရန်အတွက် ၁၁.၃.၂ဝ၁၅ ရက်နေ့တွင် ရဲအုပ် မြင့်စိုးဦးမှ တရားလို ပြုလုပ်၍ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁/၂ဝ၁၅ အရ အမှု ရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment