Thursday, March 12, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ည (၇)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ ဂဲကြီးကုန်းကျေးရွာနေ ဦးကြင်မောင် (၆၆) နှစ်သည် ယာထဲတွင်ရှိနေစဉ် သားဖြစ်သူ ငြိမ်းချမ်းထွေး (၃၃)နှစ်သည် ကျေးရွာအတွင်း ဆိုင်ကယ်တိုက်ခံရကြောင်းသတင်းအရ သွားရောက် ကြည့်ရှုရာ ဂဲကြီးကုန်း ရွာလယ်လမ်းပေါ်တွင် တစ်ရွာတည်းနေ နိုင်ဝင်း(၃၃)နှစ် မောင်းနှင်လာသော ၃၂ယ/xxxx ၊ ဗွီအမ်ဘို ၁၂၅ အပြာကြားရောင်ဆိုင်ကယ်မှ မျက်နှာချင်းဆိုင်ဝင်ရောက် တိုက်မိသဖြင့် ငြိမ်းချမ်းထွေးတွင် နဖူးပွန်းပဲ့ဒဏ်ရာ ၊ အောင်နှုတ်ခမ်းကွဲဒဏ်ရာ၊ ဆီးခုံအထက်နာကျင် ဒဏ်ရာများ ရရှိခဲ့ကြောင်း တွေ့ရှိရပြီး ဆိုင်ကယ်မောင်းသူနိုင်ဝင်းမှာ တူတော်စပ်သူဖြစ်သဖြင့် မကွေးမြို့ သင်ကြားရေးဆေးရုံကြီး၌ ငြိမ်းချမ်းထွေး တွင် ရရှိသောဒဏ်ရာများမှာ နွားတင်းကုတ်ပေါ်မှပြုတ်ကျ၍ ရရှိသောဒဏ်ရာ များဖြစ်ကြောင်းပြောပြပြီး ဆေးရုံတက်ရောက်ကုသခံစေခဲ့ကြောင်း သတင်းရရှိသည်။ 

၁၁.၃.၂ဝ၁၅ ရက်နေ့ နံနက် (ဝ၆း၄၅) အချိန် ငြိမ်းချမ်းထွေးမှာ ရရှိသောဒဏ်ရာများကြောင့် သေဆုံး သွား သဖြင့် နိုင်ဝင်းအား အရေးယူပေးပါရန် ၁၁.၃.၂ဝ၁၅ ရက်နေ့တွင် ဦးကြင်မောင်မှ တရားလိုပြုလုပ်တိုင်တန်း သဖြင့် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း ယာဉ်(ပ)၁၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video