Thursday, March 12, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လည် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင် ၊ အောင်လံမြို့နယ်၊ လက်ပံကန်ရွာလမ်းပေါက်၊ အောင်လံ-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၉၇/၄ အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်မြို့မှ အောင်လံမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈လမ်းနေ ကျော်ကျော်မင်း (၃၄) နှစ်မောင်းနှင်ပြီး အောင်လံမြို့နယ်၊ စခန်းကြီးကျေးရွာနေ ယာဉ်နောက်လိုက် ဝင်းဟန်(၃၄)နှစ် လိုက်ပါလာသော 1D/xxxx ဟောင်ရမ်း (၂၂)ဘီးယာဉ်နှင့် အောင်လံမြို့မှ ပြည်မြို့သို့ အောင်လံမြို့နယ်၊ လက်မြှောင်ကျေးရွာနေ သိန်းနိုင်ဦး (၃၃)နှစ် မောင်းနှင်ပြီး ခရီးသည် (၁၅)ဦးလိုက်ပါလာသည့် မကွေး -ပြည်ပြေးဆွဲသော 8J/xxxx တိုယိုတာဟိုက်အေ့စ် ''အောင်လံမိုး'' ခရီးသည်တင်ယာဉ်ငယ်တို့ မျက်နှာချင်း ဆိုင်တိုက်မိပြီး ၂၂ ဘီးယာဉ်မောင်း ကျော်ကျော်မင်းနှင့် ယာဉ်နောက်လိုက် ဝင်းဟန်တို့တွင် နာကျင် ဒဏ်ရာ များရရှိခဲ့ပြီး ''အောင်လံမိုး'' ခရီးသည်တင်ယာဉ်မှ မကွေးမြို့၊ အိုးဘိုရပ်ကွက်၊ (၇)လမ်းနေ ဦးမြင့်သန်း (၅၈)နှစ် တွင် ပေါက်ပြဲဒဏ်ရာများရရှိ သေဆုံး သွားပြီး ယာဉ်ပေါ်ပါ ပြည်မြို့၊ မြို့သစ်ရပ်နေ ဦးစိန်မောင် (၆ဝ)နှစ်ပါ ကျား (၁ဝ)ဦး၊ မ(၄)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။ 

ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ကျော်ကျော်မင်းနှင့် သိန်းနိုင်ဦး တို့အား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်း ယာဉ်(ပ) ၄/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video