မြို့သစ် ဖေဖော်ဝါရီ ၂၈
မြို့သစ်မြို့နယ်မြေစာရင်းဦးစီးဌာနက ရပ်/ကျေးအုပ်ချုပ်ရေးမှုးများနှင့် စာရေးများကို လယ်ယာမြေ ဥပဒေနည်းဥပဒေ မြေလွတ်မြေလပ် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေများအကြောင်းကိုတောင်သူလယ်သမားများ
နားလည်းသဘောပေါက်သိရှိစေရည်ရွယ်၍ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ရပ်ကျေး/အုပ်ချုပ်ရေးမှုးများနှင့် စာရေးဝန်ထမ်းများထပ်ဆင့်ရှင်းလင်းပြောဆိုရှင်းလင်နိုင်
စေရန်အတွက် ဖေဖော်ဝါရီ၂၈ရက်နေ့ နံနက်၁၀နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှုး ရုံးအစည်းအဝေး
ခန်းမတွင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဗိုလ်အောင်မောင်မောင်ကအဖွင့်အမှာစကား ပြောကြားပြီး
မြို့နယ်မြေစာရင်းဦးစီးဌာနဦးစီးမှုးဦးကျော်လွင်က လယ်ယာမြေဥပဒေ နည်းဥပဒေ မြေလွတ် မြေလပ်
မြေရိုင်းများနှင့်စပ်လျှဉ်း၍ တောင်သူများသိရှိနားလည် သဘောပေါက်စေရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် ရပ်ကျေးစာရေးများကို ထပ်ဆင့်ရှင်းလင်ဆွေးနွေးနိုင်စေရန်အတွက်ရှင်းလင်း
ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မြေစာရင်းဦးစီးဌာနက တောင်သူဦးကြီးများသိရှိနားလည် သဘောပေါက်စေရန် အတွက် လက်ကမ်းစာစောင်များကို နှစ်မျိုးခွဲကာတစ်မျိုးလျင် တစ်အုပ်စု အဆောင် ၂၀နှစ်မျိုးပေါင်း အစောင်၄၀ ဖြင့်ဖြန့်ဝေပေးလျှက်ရှိကြောင်းသတင်းရရှိသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment