Monday, March 2, 2015
11:01 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ကံမ မတ် ၁
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်အတွင်း ကံမ-ပြည် မော်တော်ကားလမ်းတလျှောက်
ရှိ ကျေးရွာများနှင့်အခြားရေရှားပါးသောကျေးရွာများတွင် သောက်သုံးရေအခက်အခဲမရှိစေရန် မြို့နယ်မှ တာဝန်ရှိသူများနှင့်ပညာရှင်များပူးပေါင်း၍ စက်ရေတွင်းများတူးဖော်ပေးရန်အတွက် ခေတ်မှီစက်ကိရိယာ များဖြင့် မြေအောက်ရေကို စမ်းသပ်တိုင်းတာရာ အနက်ပေ၁၀၀၀ ကျော်သည့်တိုင်အောင် ရေမတွေ့ရှိရ သဖြင့်စက်ရေတွင်းတူးဖော်ရန်မှာအခက်အခဲများစွာရှိနိုင်ကြောင်းမိုးရေလှောင်ကန်များတူးဖော်ပေးခြင်းဖြင့်
သာလျှင်အဆိုပါကျေးရွာများ၌ နေထိုင်ကြသော ပြည်သူတို့၏ သောက်သုံးရေရှားပါးသည့် ပြဿနာကို့ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း
တာဝန်ရှိသူတို့က ဆုံးဖြတ်ခဲ့ကြရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်ခွင့်ပြု
ငွေဖြင့်သစ်မယ်ဇီ၊ဒါန်းကိုင်း၊ဒဂုံကွင်း၊ပြောင်ကျ၊ပယ်ကျ၊ညောင်ကိုင်း၊သက္ကယ်မြောင်၊ထောက်ကြံ့ကွင်း၊သာစည်၊
ဇီးဖြူကွင်း၊ရွာသာလှ၊ဘန့်ဘွေးကျင်း အစရှိသည့်ကျေးရွာ ၁၂ ရွာတို့ တွင် ပေ ၁၀၀ ပတ်လည်၊အနက်၆ ပေရှိ
ရေဂါလန် နှစ်သိန်းခန့်ဆံ့သော မိုးရေလှောင်ကန်များကို တူးဖော်ပေးခဲ့သည်။ အလားတူ လိန်တုန်းကျေးရွာနှင့်ပေပင်ကျေးရွာ တို့၌လည်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှအလှူရှင်များ၏ ကူညီပံ့ပိုးမှုဖြင့်မိုးရေလှောင်ကန်များတူးဖော်ပေးခဲ့သည်။ထို့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်လည်း မုန်းဒါးကြီးကျေးရွာနှင့်မုန်းဒါးလေးကျေးရွာတို့တွင်လည်းမိုးရေလှောင်ကန်များတူးဖော်ဆောင်ရွက်ထားရှိပြီးဖြစ်
သည်။
မိုးရေလှောင်ကန်များ အစဉ်သဖြင့်သန့်ရှင်းနေစေရေးအတွက် ကျွှဲနွားတိရိစ္ဆာန်များဝင်ရောက်နိုင်
ခြင်းမရှိစေရန်ခြံစည်းရိုးများကာရံထားရှိပြီးရေသုံးစွဲသူများအနေဖြင့်လည်းလက်နှိပ်တုံကင်များမှတဆင့်ခပ်ယူ
ကြရသည်။အဆိုပါမိုးရေလှောင်ကန်များတူးဖော်ထားရှိပေး၍့ ပြည်သူများအနေဖြင့်သန့်ရှင်းသော
သောက်သုံးရေရရှိသည့်အပြင် ရေရှားပါးသည့် အခက်အခဲများကိုဖြေရှင်းနိုင်ခဲ့ပြီး ယခုနှစ်နွေရာသီ ကာလတွင် ရေလုံလောက်မှုအပြည့်အ၀ရှိနိုင်ကြောင်း ဒေသခံပြည်သူတစ်ဦး၏ပြောကြားချက်အရသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment