Monday, March 2, 2015

 

  မြို့သစ်    မတ်လ    ၁

   မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့်လက်တွေ့လေ့ကျင့်သရုပ်ပြပွဲကို မတ်လ(၁) ရက်နေ့ ညနေ (၂း၃၀)နာရီကမြို့သစ်မြို့ စည်ပင်သာယာဈေးအတွင်း၌ ကျင်းပခဲ့သည်။   အဆိုပါမီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေမှူး ဦးဗိုလ်အောင်မောင်မောင်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်မြို့နယ်မီးသတ်ဦးစီးမှူးဦးသောင်းတင်နှင့်မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှုဆောင် အရာရှိဦးမင်းနိုင်၊မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ဦး၊ မြို့နယ်ဖွံ့ ဖြိုး တိုးတက် ရေးအထောက်အကူပြုအဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမြို့ပေါ်(၅)ရပ်ကွက်   မှ အုပ်ချုပ်ရေးမှူး များနှင့် ဈေးသူဈေးသား(၁၀၅၀)ဦး တက်ရောက်ခဲ့သည် ။                       
ရှေးဦစွာ မီးသတ်ဦးစီးအရာရှိ ဦးသောင်းတင်မှ မီးသတ်ဆေးဖူးသုံးစွဲနည်စနစ်ကျ   စေရန်အတွက် သုံးစွဲပုံနည်းများကိုဆွေးနွေးပြသခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှီူးဦးဝင်းမောင် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွဋ်    တို့မှမီးကိုစနစ်တကျ သုံးစွဲ ကြရန်  မှာကြားခဲ့သည်။  ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက  ဈေးအတွင်းရှိဈေးဆိုင်ခေါင်မိုးများပေါ်သို့မီးသတ်မော်တော်ယာဉ် (၂)စီး။  စည်ပင်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ရေများပက်ဖျန်း၍ လက်တွေ့လေ့ကျင့် သရုပ်ပြသခဲ့သည်။ ထို့နောက်ဈေးအတွင်း မီသတ်မော်တော်ယာဉ်အဝင် /အထွက်လွယ်ကူစေရန် ဈေးအတွင်းလမ်းများချဲ့
ထွင်ရန်နှင့် ရေဂါလံ(၁၀၀၀၀)ဆန့် ရေလှောင်ကန် နှင့်  ရေစင်အားကြည့်ရှုစစ်ဆေးချဲ့ကြာင်းသိရသည်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video