Thursday, March 26, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် (၀၉း၄၅) အချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဆင်ပေါင်ဝဲမြို့နယ်၊ ရွာသစ်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ရွာသစ်ကျေးရွာနေ ကျော်ဝင်း (၄၀)နှစ် ၏ နေအိမ် အနောက်ဘက် ကပ်လျှက်ရှိသည့် (၄)ပေပတ်လည် မီးဖိုတွင် ရေနွေးအိုးတည်ထားသည့် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်း ခဲ့ရာ (၄)ပေပတ်လည် သက္ကယ်မိုး၊ ထရံကာမီးဖိုအား မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး ၂၀၀၀ိ/-ခန့် ဆုံးရှုံးခဲ့ကြောင်း တွေ့ရှိရသဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ကျော်ဝင်း အား ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video