Thursday, March 26, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဆင်စိန်ကျေးရွာအုပ်စု၊ ကိုင်းရိုးကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း ကိုင်ရိုးကျေးရွာ ဆယ်အိမ်စုမှူး ဦးစန်း (၅၅)နှစ်မှ ဖုန်းဖြင့် အကြောင်းကြား သဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ကိုင်းရိုးကျေးရွာနေသူ မ၀င်း(၃၅)နှစ်သည် နေအိမ် အနောက်ဘက် (၆)ပေခန့်အကွာရှိ (၂)ပင်ပတ်လည် ထန်းလက်မိုး၊ ထရံကာ၊ မြေစိုက် မီးဖိုဆောင်၌ ထမင်းချက်ပြီး မီးငြိမ်းသတ်မှု မရှိဘဲ နေအိမ် အပေါ်ထပ်တွင် အိပ်ပျော်နေခဲ့စဉ် မီးဖိုဆောင် ထရံမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးဖိုဆောင်(၁)လုံး (တန်ဖိုး ၂၀၀၀ိ/- ခန့်) မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
မီးပေါ့ဆစွာသုံးစွဲသူ မ၀င်း အား အရေးယူပေးပါရန် ၂၅.၃.၂၀၁၅ ရက်နေ့ တွင် ရာအိမ်မှူး ဦးစန်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း (ပ)၂၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video