၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၀န်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် လောင်စာဆီ သိုလှောင် ရောင်း ၀ယ်မှုများအား လိုက်လံစစ်ဆေးခဲ့ရာ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက် နေသူ မနုနုယဉ် (၄၇)နှစ် ၏ နေအိမ်ဈေးဆိုင် တွင် (၅)ဂါလံဝင် ပလပ်စတစ်ပုံး (၁၆)ပုံးဖြင့် ထည့်ထားသည့် စုစုပေါင်း ဓါတ်ဆီ (၆၀)ဂါလံ (တန်ဖိုး ၁၄၄,၀၀၀ိ/-)နှင့် ဓါတ်ဆီထည့်ရာတွင် အသုံးပြုသော သွပ်ကန်တော့ (၁)ခုတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ခွင့်ပြုချက်မရှိဘဲ လောင်စာဆီများ တရားမ၀င် သိုလှောင် ရောင်းချသူ မနုနုယဉ် အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀၀/၂၀၁၅၊ လောင်စာဆီ အက်ဥပဒေပုဒ်မ ၂၃(၁)(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရပါသည်။
0 comments:
Post a Comment