၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် (၀၇း၄၀)နာရီ အချိန်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ သန်းတောကုန်းကျေးရွာတွင် လူတစ်ဦး ကြိုဆွဲချသေဆုံးနေကြောင်း သတင်းအရ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
သေဆုံးသူမှာ သန်းတောကုန်းကျေးရွာနေသူ ပိုင်စိုးဦး (၄၁)နှစ် ဖြစ်ကြောင်းသိရှိရပြီး ၄င်းသည် အရက်ကြောင် ကြောင်ကာ အမြင့်(၆)ပေ (၁)လက်မခန့်ရှိ နေအိမ်အောက်ထပ် ယဲ့မတွင် အရှည် (၅)ပေ၊ လုံးပတ် (၃)မူးလုံးခန့်ရှိ ဖြူ/နက်ကြားရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို ပိုင်စိုးဦး၏ ဇနီးဖြစ်သူ မ၀င်းမာ(၄၁)နှစ်မှ နံနက်(၀၅း၀၀)နာရီအချိန်ခန့် ထမင်းချက်ရန် နေအိမ်ပေါ်မှ ဆင်းလာ စဉ် တွေ့ရှိရသဖြင့် အသက်ရှိသေးသည် ထင်၍ မ၀င်းမာမှ ကြိုးအားဓါးဖြင့် ခုတ်ဖြတ်ကာ ကုတင်ပေါ်တွင် တင်ထားခဲ့ ကြောင်း၊

ပိုင်စိုးဦး၏ ခန္ဓာကိုယ်အား စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ လည်ပင်းတွင် ကြိုးပွန်း ဒဏ်ရာ၊ ယောက်ျားတန်ဆာတွင် သုတ်ရည်အနည်းငယ်ထွက် နေသည်ကို တွေ့ရှိရကြောင်း၊
0 comments:
Post a Comment