Thursday, March 26, 2015

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ညနေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံတွင် သုံးဘီးဆိုင်ကယ် တိမ်းစောင်း၍ ဒဏ်ရာရ အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း ဖုန်းဆက် အကြောင်း ကြား သဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်နေသူ မျိုးထွေး(၃၇)နှစ် မောင်းနှင်သည့် ၆ဟ/xxxx အနီရောင် သုံးဘီးဆိုင်ကယ်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာနေသူ ဒေါ်ကြည်ကြည်အေး (၆၀)နှစ် သည် ကိုးပင်မှ ဆင်ပေါင်ဝဲမြို့သို့ လိုက်ပါစီးနင်းခဲ့ရာ ကိုးပင်-ဆင်ပေါင်ဝဲ ကားလမ်းပေါ် မကြီးစမ်းရွာနှင့် လယ်ကျိုးရွာအကြား၊ မိုင်တိုင်အမှတ် (၁၁/၄)နှင့် (၁၁/၅)အကြား အရောက်တွင် မျက်နှာချင်းဆိုင် မှ မောင်းနှင်လာသော ဆိုင်ကယ်အား တိမ်းရှောင်မောင်းနှင်စဉ် သုံးဘီးဆိုင်ကယ်မှာ လမ်းယာဘက်သို့ တိမ်းစောင်းသွားသဖြင့် ဒေါ်ကြည်ကြည်အေးမှာ သုံးဘီး ဆိုင်ကယ်ပေါ်မှ ခုန်ချခဲ့ရာ ယာဂျိုစောင်း(၁)လက်မ ခန့် ပေါက်ပြဲဒဏ်ရာ၊ ၀ဲခြေမျက်စေ့ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရှိရသဖြင့် သုံးဘီးဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မျိုးထွေးအား ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video