Thursday, March 26, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေးရဲတပ်ဖွဲ့ဝင်များသည် ဆားပွက်ချောင်း တံတားအနီး ဆိုင်ကယ် တိမ်းမှောက်ကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း
စစ်ဆေးချက်အရ မင်းဘူး-မကွေး ကားလမ်းအတိုင်း မကွေးဘက်မှ မင်းဘူးဘက်သို့ မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်၊ သနပ်ခါးတောလမ်းနေသူ မင်းထက်(၂၃)နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရပ်ကွက်တည်းနေ ဇင်မင်းထိုက် (၂၈)နှစ် လိုက်ပါလာသည့် YALALDA 125 အနက်ရောင်ဆိုင်ကယ်သည် ဆားပွက်ချောင်း တံတား အနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက် ယာဉ်ကြောဘေးရှိ ဖြူနီကြား ကျောက်တိုင် အား ၀င်ရောက်တိုက်မိကာ မင်းထက်တွင် ယာနဖူးပေါက်ပြဲ၊ ယာပါးရိုးပေါက်ပြဲ၊ ၀ဲဒူးပွန်း၊ ၀ဲခြေမ/ ခြေညိုး ကြေမွ၊ ၀ဲခြေဖ၀ါး ကွဲ၊ သတိမေ့(စိုးရိမ်ရ) နှင့် ဇင်မင်းထိုက်တွင် ၀ဲလက်ကောက်ဝတ် နာကျင်၊ ၀ဲခြေဖနောင့်ပွန်း (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ မင်းထက်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video