Thursday, March 26, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ညနေ (၄) နာရီ (၅)မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ စကားတောင်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပျဉ်းပင်လှရွာ အနီး မကွေး - ပြည် လမ်းမ ပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ညနေ ၃း၄၅ အချိန်ခန့်က အောင်လံမြို့မှ ပြည်မြို့ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့၊ အမှတ်(၅)ရပ်ကွက် နေသူ ယာဉ်မောင်း ကျော်မင်းလတ် (ခ)ကျော်ကျော် (၃၉)နှစ် မောင်းနှင်သော 1G/xxxx Pickup အဖြူရောင်ယာဉ် သည် ပျဉ်းပင်လှရွာ၊ ပြည်လမ်း မိုင်တိုင်အမှတ် (၂၀၃/၆)အနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့၍ ယာဉ်ပေါ်ပါသူ (၁၃) ဦးအနက် ယာဉ်မောင်း ကျော်မင်းလတ်(ခ) ကျော်ကျော် အပါအ၀င် (၈)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း၊
ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်မင်းလတ် (ခ) ကျော်ကျော် အား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်း ယာဉ်(ပ)၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video