Wednesday, March 4, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် (၈း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ ဆားတိုင်ကန်ကျေးရွာတွင် သင်ကြားရေးဆေးရုံ(မကွေး) လက်ထောက်ဆေးရုံ အုပ် ဒေါက်တာ မျိုးမင်းသိန်းမှ လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် မကွေးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 သေဆုံးသူမှာ ၂၇.၂.၂၁၅ ရက်နေ့ ၁၁၄၅ အချိန် သင်ကြားရေးဆေးရုံ (မကွေး) တွင် အစာအိမ် ရောဂါဖြင့် တက်ရောက်ဆေးကုသနေသော တောင်တွင်းကြီးမြို့နယ်၊ ဝါးခြမ်းကာရွာနေ သန်းဇော်ဦး၊ (၃၅)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် ၃.၃.၂ဝ၁၅ ရက်နေ့ ဝ၈၃ဝ အချိန်တွင် မကွေးမြို့နယ်၊ ကံလှ ရွာနေ ဦးသိန်းလှိုင်ယာခင်းထဲရှိ သရက်ပင်(အမြင့် ၂ဝပေ၊ လုံးပတ် ၁ ထောင်ခန့်) သရက်ပင် ကိုင်း (အမြင့် ၉ ပေ၊ လုံးပတ် ၂ လက္မ)ခန့်တွင် စပို့ရှပ်အင်္ကျီ မီးခိုးရောင်ဖြင့် ကြိုးဆွဲချလျှက် ယောက်ျား တန်ဆာတွင် သရက်ပင်ဖြင့်ပွတ်တိုက်ထားသော ပွန်းပဲ့ဒဏ်ရာတွေ့ရှိရသဖြင့် သန်းဇော်ဦး သေဆုံး ရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ၃.၃.၂ဝ၁၅ ရက်နေ့ တွင် ဒုရဲအုပ် ဝင်းဇော်လွင်မှ တရားလိုပြုလုပ်ရေးဖွင့်သဖြင့် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း သေမှု သေခင်း အမှတ်စဉ် ၆/၂ဝ၁၅ အရ ရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video