Thursday, March 5, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် (၁၁)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေး-တောင်တွင်းကြီး ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ မကွေးမြို့နယ်၊ ကန်တော်ကျေးရွာနေသူ ဦးခင်ဇော်(၄၅)နှစ်မှ RATO-125 အစိမ်းရောင် ဆိုင်ကယ်အား မောင်းနှင်ပြီး သားဖြစ်သူ ကျော်ဇောထက် (၁၅) အား ဆိုက်ကယ်နောက်မှ တင်၍ မကွေး-တောင်တွင်းကြီးကားလမ်းအတိုင်း သစ်ရာကောက် ကျေးရွာဘက်မှ မကွေးမြို့နယ် ဘက် သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၃၀၇/၁)နှင့် (၃၀၇/၂)အကြား အရောက်တွင် အရှိန်မထိန်းနိုင် ဘဲ လမ်းယာဘက်ခြမ်းရှိ မဲဇလီပင်အား ၀င်ရောက်တိုက်မိခဲ့ရာ ဦးခင်ဇော်မှာ နဖူးပေါက်ပြဲ ဒဏ်ရာ၊ နှာခေါင်းရိုး ကျိုးဒဏ်ရာ၊ မျက်ခုံးပွန်းပဲ့ဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံး သွားခဲ့ကြောင်း၊ ကျော်ဇောထက် တွင် ယာဘက် ချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း သွေးထွက် ဒဏ်ရာ၊ ယာမျက်ခုံး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။ 
ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ဦးခင်ဇော်အား မကွေးမြို့နယ်၊ မိကျောင်းရဲ နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video