၂၀၁၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ နေပြည်တော်-ကံပြား-မကွေး ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ် ပွား ကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ မကွေးဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ရေပြားကျေးရွာ နေသူ မျိုးဇော်ဌေး(၂၀)နှစ်မှ ZY ယာယီ/၁၄၀၆၁၄ လော့ဂျား-၁၂၅ CZI အနက်ရောင် ဆိုင်ကယ် အား ရှေ့မှမောင်းနှင်လျက် တစ်ရွာတည်းနေ အောင်ဆန်းမင်း (၂၅)နှစ်အား နောက်မှ တင်ဆောင် မောင်းနှင် လာစဉ် မိုင်တိုင်အမှတ် (၂၉/၁) နှင့် (၂၉/၂) ကြားအရာက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်း သို့ တိမ်းမှောက်ခဲ့ရာ မျိုးဇော်ဌေးမှာ ရင်ဘတ် ၀ဲဘက်နှင့် မေးစေ့တို့တွင် ဖူးရောင်ညိုမဲ ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး၊ အောင်ဆန်းမင်းတွင် ယာမျက်ခုံး ဖူးရောင်ဒဏ်ရာ၊ ယာခြေသလုံး ပွန်းခြစ်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရှိရသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မျိုးဇော်ဌေးအား တောင်တွင်းကြီးမြို့မရဲစခန်း ယာဉ်(ပ) ၂၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment