၂၀၁၅ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြေး(၄)ပြေး ဖမ်းဆီး ရန်နှင့် လှည့်ကင်းတာဝန်ဆောင်ရွက်ရန် မင်းဘူးမြို့နယ်၊ ပန်းလွှားကျေးရွာအုပ်စု၊ ချင်းကုန်း ကျေးရွာ ရွာလယ်လမ်းမပေါ်သို့ ရောက်ရှိစဉ် အရက်သောက်စားပြီး ဓါးဦးချွန် (၁) ချောင်း ကိုင်ဆောင် လာသူအား ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းမှာ မင်းဘူးမြို့နယ်၊ ပန်းလွှားကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာနေ မင်းဇော်(၄ဝ)နှစ်ဖြစ်ပြီး အရက်သောက်စားပြီး အရိုးအသွား(၁ဝ)လက္မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းကိုင်ဆောင်ကာ ရမ်းကား နေ သည်ကို တွေ့ရှိသဖြင့် လူအများသွားလာသော လမ်းမပေါ်တွင် အရက်သောက်စားပြီး ဓါးမြှောင် ကိုင် ရမ်းကားနေသူ မင်းဇော်အား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၃၈/၂ဝ၁၅၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment