၂၀၁၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် (၅) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြေး(၄) ပြေးဖမ်းဆီးရန်နှင့် လှည့်ကင်း တာဝန်ဆောင်ရွက်ရန် မင်းဘူး-ပဒါန်းသွားကားလမ်း ပန်းတောင်းကျေးရွာ ကျောက်မီးသွေးတွင်းအနီး ကားလမ်းမပေါ်သို့ ရောက်ရှိစဉ် လူတစ်ဦးအား ဆိုင်ကယ်တစ်စီး နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ၍ စစ်မေးခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းအား စစ်မေးရာ မင်းဘူးမြို့နယ်၊ ကိုင်းတောလေးကျေးရွာ/အုပ်စုနေ ဖြိုးဝေ(ခ)သင်္ကြန်ဖြိုး၊ ၁၉နှစ် ဖြစ်ကြောင်း သိရှိရပြီး ၎င်းးဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောပြနိုင်ခြင်းမရှိသည့်အပြင် တစ်နေရာရာမှခိုးယူလာသည်ဟုမသင်္ကာသဖြင့် ဖြိုးဝေ (ခ) သင်္ကြန်ဖြိုးအား မင်းဘူးမြို့နယ်၊ စကု နယ်မြေ ရဲစခန်း (ပ)၃၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment