Tuesday, March 10, 2015
2:42 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး မတ် ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ရေမြက်ကျေးရွာ ကွင်းအမှတ် (၁၃၄၂)ရှိ တောင်သူဦးဝင်းသောင်း၏ ကညွတ်(၁)ဧကစံပြကွက်မှ ဈေးကွက်ဝင် ကညွတ်အစို့များ စတင်ထွက်ရှိနေပြီဖြစ်သည်။ထွက်ရှိလာသည့် ကညွတ်သီးနှံများအား မင်းဘူး(စကု) မြို့နယ် အတွင်း သာမက မကွေးမြို့ပေါ်ရှိ ကောင်းမွန် စူပါမားကတ်နှင့် ကန်သာဈေးသို့ တင်ပို့ ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေး
နှင့်မွေးမြူရေးဝန်ကြီးဦးအောင်နိုင်၊တိုင်းဒေသကြီး/ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများ၏အနီးကပ်ကြီးကြပ် မှုဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကညွတ်မျိုးစေ့ရရှိရေးနှင့် ပျိုးပင်ရရှိရေးအတွက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ
ဆောင်ရွက်ပေးခဲ့ကြောင်း၊အမယ်သစ်သီးနှံ ကညွတ်စိုက်ပျိုးလိုသော တောင်သူများအတွက် ဆက်လက်
ကူ ညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်း ထံမှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment