Tuesday, March 10, 2015
2:48 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ မတ် ၉
ဂန့်ဂေါမြို့နယ် လုံဟောကျေးရွာတွင် ဇီဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်မီးထွန်းလင်းလျှက်ရှိပြီး တီဗွီ၊ အောက်စက်များအသုံးပြုကာ သတင်း၊ဗဟုသုတနှင့် ဖျော်ဖြေရေးအစီအစဉ်များကို
လေ့လာကြည့်ရှုနိုင်လျှက် ရှိသည်။
လုံဟောကျေးရွာတွင် ဇီဝဓာတ်ငွေ့သုံး ဓာတ်အားပေးရုံနှင့် ဓာတ်အားပေးခြင်းကို ပြီးခဲ့သည့်နှစ် မေ လ ၂၂ ရက်တွင် စတင်ဖွင့်လှစ်အသုံးပြုနိုင်ခဲ့ကြောင်းနှင့် ဓာတ်အားပေးခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် မြို့နယ် ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်နှင့် လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့်ဂျပန် မြန်မာ
တောင်ဇလပ် လူငယ်အဖွဲ့၏ ထည့်ဝင်လှူဒါန်းငွေများ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားများဖြင့် ပူးပေါင်းဆောင်ရွက်ထား ကြောင်း သိရသည်။
အဆိုပါ စက်ရုံအတွက် လိုအပ်သည့် နွားချေး၊ ကျွဲချေးစသည့် ဇီဝလောင်စာကို အစု ၅ ဖွဲ့က အလှည့် ကျထည့်ပေးလျှက်ရှိကာ တစ်အိမ်လျှင် ၉ ရက်တစ်ကြိမ် အလှည့်ကျထည့်ကြရကြောင်းနှင့် ကျေးရွာရှိ အိမ်ခြေ ၁၈၀ တို့တွင် လျှပ်စစ်မီးထွန်းညှိနိုင်လျှက်ရှိပြီး တစ်ညလျှင် ၂ နာရီခွဲလျှပ်စစ်မီးပေးနိုင်လျက် ရှိကြောင်း သိရ သည်။
“ ဖန်ချောင်း တစ်ချောင်းအတွက် တစ်လကို တစ်ထောင်ကျပ် ကောက်ခံပြီးတော့ တီဗွီကြည့်သူများ အတွက် သုံးထောင်ကျပ်ကောက်ခံပါတယ်၊ လုပ်ငန်းရေရှည်တည်တံ့နိုင်ဖို့အတွက် ရန်ပုံငွေကောက်ခံတာပါ ’’ ဟု ကျေးရွာဖွံ့ဖြိုးရေးအတွက် တာဝန်ယူဆောင်ရွက်ရသူတစ်ဦးဖြစ်သည့် ဦးထိန်ဝင်းက ပြောသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment