၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက် (၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ ရဲဒင်ကျေးရွာနေသူ ကျေးရွာအထောက်အကူပြု အဖွဲ့ဥက္ကဌ ဦးအောင်လွင်(၆၀)နှစ် သည် နေအိမ်၌ရှိနေစဉ် မီးလောင်နေကြောင်း အော်သံကြား၍ သွားရောက် ကြည့်ရှု့ရာ ရွာတောင်ပိုင်း ရှိ တစ်ရွာတည်းနေ ဗိုလ်ဝင်း (၄၁)နှစ် သက္ကယ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း၊ (၃)ပင်မြေစိုက် နေအိမ်တဲ မှာ မီးလောင်းကျွမ်းနေသည်ကို တွေ့ရှိရကြောင်း၊ ဗိုလ်ဝင်းမှာ အရက်မူးနေပြီး ယာလက်ဖြင့် ဓါးမရှည် ကိုင်ဆောင်၍ ၀ဲလက်မှဓါတ်မီးဖြင့် ထိုးကြည့်ကာ ``ဦးအောင်လွင်တို့ပါလား ကျွန်တော့်အိမ် ကျွန်တော် မီးရှို့လိုက်ပြီ၊ ကျွန်တော့်အိမ် ကျွန်တော် မီးရှို့ပိုင်ခွင့် ရှိတယ် မဟုတ်လား´´ ဟု ပြောဆို ခဲ့ကြောင်း၊ ဓါးနှင့် ဓါတ်မီးတို့အား ချော့မော့ တောင်းယူပြီး ကျေးရွာအရန်မီးသတ်များ၊ ရွာသူ/ရွာသား များဖြင့် ၀ိုင်းဝန်း မီးငြိမ်း သတ်ခဲ့ရာ (၅)နာရီခွဲ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်တဲတစ်လုံး (တန်ဘိုး-၈၀၀၀၀ိ/-ခန့်) ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
နေအိမ်အားမီးရှို့သူ ဗိုလ်ဝင်းအား အရေးယူပေးရန် ၈.၃.၂၀၁၅ ရက်နေ့ ၀၉း၃၅ နာရီအချိန် ဦးအောင်လွင် မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် အောင်လံမြို့နယ်၊ ရွှေပန်းတောနယ်မြေ ရဲစခန်း (ပ)၁၄/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။

0 comments:
Post a Comment