၂၀၁၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ဆင်သေကုန်းရွာနေသူ ဦးထွန်းသိန်း (၅၄)နှစ်သည် နေအိမ်၌ ရှိနေစဉ် မီးလောင် နေကြောင်း အော်သံကြား၍ သွားရောက်ကြည့်ရှု့ရာ ရွာအရှေ့ဘက် ကိုက်(၃၀၀)ခန့် အကွာ ဦးမြင့်အောင်၏ ယာခင်းအတွင်း လွန်ခဲ့သော (၁)လခန့်က နွားကျွေးရန်အတွက် ပုံထားခဲ့ သည့် နှံစားပြောင်းနှင့် မြက်ခြောက်ပုံအား မီးလောင်နေသည်ကို တွေ့ရှိရသဖြင့် ရွာသားများနှင့်အတူ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ၁၀ နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် တန်းဘိုး-၁၀၀၀၀၀ိ/-ခန့် ဆုံးရှုံးခဲ့ကြောင်း၊
အဆိုပါ နွားစာရိုးပုံအား မီးရှို့သူမှာ ဦးထွန်းသိန်း၏ တူတော်စပ်သူ တစ်ရွာတည်းနေ ညိုမင်းစိုး (၃၈)နှစ်မှ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ညိုမင်းစိုးအား အရေးယူပေးပါရန် ဦးထွန်းသိန်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် နတ်မောက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။


0 comments:
Post a Comment