၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နေ့လယ် ၀၂း၁၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပခုက္ကူခရိုင် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ ကန်လှရွာအနီး၊ ပခုက္ကူ-ပေါက်ကားလမ်း မိုင်တိုင်အမှတ် ၆/၄ တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ ပခုက္ကူ-ပေါက်ကားလမ်းအတိုင်း ကန်တော်ကျေးရွာဘက်မှ ပခုက္ကူမြို့သို့ ဆေးခန်း ပြရန် ကန်တော်ကျေးရွာနေသူ ယာဉ်မောင်း ဇော်မျိုးနိုင် (၄၃)နှစ် မောင်းနှင်လာသော 7H/xxxxx ၊ HIJET အဖြူရောင်ယာဉ်နှင့် မျက်နှာချင်းဆိုင် ယာဉ်ကြောမှ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက် နေသူ ကြည်လွင် (၄၃)နှစ် မောင်းနှင်လာသော ၁၀ယ/xxxxx ANDBO-110 အနက်ရောင်ဆိုင်ကယ် တို့သည် ကားလမ်း အလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိကြရာ ကြည်လွင်တွင် ၀ဲခြေသလုံး ကျိုးပဲ့ ဒဏ်ရာ၊ နဖူးပေါက်ပြဲ ဒဏ်ရာများ ရရှိသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇော်မျိုးနိုင်နှင့် ကြည်လွင် တို့အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment