Sunday, March 15, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ည(၁၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံ မြို့နယ်၊ ကြက်ရုံးကျေးရွာနေသူ မxxxx(၃၄)နှစ်သည် ၄င်း၏ နေအိမ်ဘုရားခန်းတွင် သားငယ် နှစ်ယောက်နှင့်အတူ အိပ်ပျော်နေစဉ် ခြေထောက်အား လူတစ်ယောက်မှ နင်းမိ၍ ဓါတ်မီးဖြင့် ထိုးကြည့်ရာ တစ်ရွာတည်းနေ ကျော်ရဲအောင် (၂၁)နှစ်အား တွေ့လိုက်ရပြီး ၄င်းမှလက်ကို ကိုင်၍ ချစ်ကြိုက် ကြောင်း ပြောဆိုလာသဖြင့် နေအိမ်ပေါ်မှ ဆင်းသွားရန် အော်လိုက်ရာ ကျော်ရဲအောင်မှာ ဆင်းပြေး သွားသဖြင့် လူမှုရေးအရ ညှိနှိုင်းဖြေရှင်းသော်လည်း ပြေလည်မှုမရှိသဖြင့် ရဲစခန်းသို့ လာရောက် တိုင်တန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။
 ညဥ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းပြီး မိန်းကလေး ကာအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်သူ ကျော်ရဲအောင် အား အရေးယူပေး ပါရန် မxxxxမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ၁၄.၃.၂၀၁၅ ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန် အောင်လံမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၅၆/၃၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video