Friday, March 13, 2015
4:47 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မတ် ၁၃
မကွေးတိုင်းဒေသကြီး မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား နေပြည်တော်တွင် ခွဲစိတ်ကုသရန်အတွက် ယနေ့နံနက်က မကွေးမြို့ ပြည်တော်သာရပ်ရှိ စိတ္တသုခကျောင်း တွင် စုစည်းခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများအား မကွေးမြို့တွင် ရှေးဦးစမ်းသပ်မှု များပြုလုပ်ပြီး နေပြည်တော်သို့ ခွဲစိတ်ကုသမှုခံယူရန်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ သွားရောက်ရန်အတွက်မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဌ ဒေါ်သင်းသင်းထွေး က ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လူနာများအား ခရီးသွားလာစေရန် စားသောက်ရေးအဆင်ပြေ စေရန် အတွက် ထမင်းဘူးများကို တစ်ယောက်(၂)ဗူးနှုန်းဖြင့် ထမင်းဘူး (၁၃၀)အား စီစဉ်ထည့်ပေးထားကြောင်း သိရသည်။
ယင်းလူနာများအား ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌများက လိုက်ပါကြီးကြပ်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးမှ နှုတ်ခမ်းကွဲ(၅၁)ဦး အာခေါင်ကွဲ(၁၆)ဦးစုစုပေါင်း (၆၇)ဦးအား နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူမည် ဖြစ်ကြောင်းသိရသည်။
ညီညီမောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment