Friday, March 13, 2015

ပခုက္ကူ   -   မတ်   -   ၁၃
    မကွေးတိုင်းဒေသကြီး  ၊ပခုက္ကူမြို့၊  အမှတ်(၁)ရပ်ကွက် ၊သုခဟိုတယ်ခန်းမတွင် ( Pioneer Agrobia
Coltd)  မှတင်သွင်းသော ကျွဲခေါင်းအမှတ်တံဆိပ် ဗီယက်နမ် ဓာတ်မြေသြဇာ ၊ စပါးအစေ့ကျကရိယာ နှင့် သီးနှံသိုလှောင်အိတ်များမိတ်ဆက်ခြင်းနှင့်တောင်သူအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်(၉)
နာရီကပြုလုပ်ရာအခမ်းအနားသို့စိုက်ပျိုးရေးဦးစီးဌာနခရိုင်မန်နေဂျာဦးမြင့်ဆွေနှင့်ဖိတ်ကြားထားသောတောင်သူ
ဦးကြီးများ၊အရောင်းကိုယ်စားလှယ်များ၊အင်အား(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
    ရှေးဦးစွာ (Pioneer  AgrobiaColtd ) မှဒေါက်တာအောင်မျိုးကျော်ကနုတ်ခွန်းဆက်စကားပြောကြား
ပြီး၎င်းတို့ကုမ္ပဏီကဖြန့်ဖြူးရောင်းချသောပစ္စည်းများ၏အရည်အသွေး၊ထိမ်းသိမ်းခြင်း၊အသုံးချပုံနည်းစနစ်များ
တို့ကိုရှင်းလင်းပြောကြားကာတောင်သူများမှသိလိုသည့်အချက်များမေးမြန်းခြင်း၊အသုံးပြုသည့်တောင်သူများ
ကမိမိတို့၏အတွေ့အကြုံများကိုရှင်းလင်းပြောကြားခြင်းများပြုပြီးသုံးစွဲသည့်တောင်သူများအားကုမ္ပဏီမှ
လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။ အောင်(မန်းတက္ကသိုလ်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video