အောင်လံ မတ် ၁၁
မကွေးတိုင်းဒေသကြီးသရက်ခရိုင် အောင်လံမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ရန်ပုံငွေဖြင့် (၂၀၁၄-၂၀၁၅)ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် တင်ဒါစနစ်ဖြင့် Lwin News Generation ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြလို့-ပြကြီး -အင်းရွာကြီး မြေသားလမ်း အဆင့်မြှင့်တင်ခြင်း (၄)မိုင်)၊ကျောက်ချောလမ်း(၁)မိုင်ခင်းခြင်း၊သံကူကွန်ကရစ် တံတား(၁)စင်း၊Box Culvert (၆)ခု ၊အောင်လံ-ကျောက် ပန်းတောင်း-ရွှေပန်းတော သစ်သားတံတား(၁)စင်း၊ရေပြွန် (၅)ပေ လုပ်ငန်းဆောင်ရွက်နေမှု့အခြေအနေများအားယမန်နေ့ နံနက်(၉)နာရီကမြို့နယ်စီမံခန့်ခွဲမှု့
ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဥိးသိန်းဆင့်၊မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးတိုးကြည်နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လက်ထောက်အင်ဂျင်နီယာ ဒေါ်စန်စန်းနုတို့မှ သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအားလုပ်ငန်းဆောင်ရွက်နေမှု့များကို သွားရောက် ကြည့်ရှု့ရာ Lwin News Generation ကုမ္မဏီမှ တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှု့အား ပြန်လည်ရှင်းလင်းတင်ပြ
ပေးခဲ့သည်။ ပြလို့-ပြကြီး-အင်းရွာကြီးလမ်းပြီးစီးပါက ကျေးရွာ(၁၅)ရွာမှ ပြည်သူများ
အောင်လံ-ကျောက်ပန်းတောင်း-ရွှေပန်းတော လမ်းပေါ်ရှိတံတားနှင့် ရေပြွန်များ ဆောင်ရွက်ပြီးစီးပါက
ကျေးရွာ(၂၀)မှ ပြည်သူများ ရာသီမရွေး အလွယ်တကူ သွားရောက်နိုင်မည်ဖြစ်၍ အဆိုပါ ကျေးရွာမှ
ပြည်သူများ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း ကျေးရွာနေ ပြည်သူများထံက သိရသည်။
သိန်းသိန်းလွင်(အောင်လံ)
Thursday, March 12, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment