Friday, March 13, 2015
10:12 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
အောင်လံ မတ်(၁၂)
အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ရွာ ဒုရင်္ဂဗိုလ်ရဲစခန်းတောင်ဘက်(၄) မိုင်ခန့်အကွာ မိုင်တိုင် အမှတ်(၁၉၇/၄)လက်ပကန်ကျေးရွာလမ်းပေါက်အနီး ပြည်-အောင်လံ ကားလမ်းမပေါ်၌ ယမန်နေ့
နေ့လည် (၁း၀၀)နာရီချိန်ခန့်က (၂၂) ဘီး သံချောင်းတင်တွဲယာဉ်နှင့် တိုရိုတာဟိုက်အေ့(စ်) အောင်လံမိုး ခရီးသည်တင်ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်းသိရသည်။
အမှုဖြစ်စဉ်မှာ လက်ပကန်ကျေးရွာ လမ်းပေါက်အနီး ပြည်- အောင်လံ ကားလမ်းမပေါ်တွင်
ပြည်မြို့ မှအောင်လံမြို့သို့ ကျော်ကျော်မင်း (၃၄)နှစ် (ဘ) ဦးချွတ်တား ၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလေးတိုင်း မောင်းနှင်လာသော ၁ခ- ၉၂၄၀ ၊ နထ ၂၃၇၃ (၂၂) ဘီး သံချောင်းတင် တွဲယာဉ်နှင့် အောင်လံမြို့မှ ပြည်မြို့သို့ သိန်းနိုင်ဦး(၃၃)နှစ်(ဘ)ဦးဖိုးစိုး၊လက်မြှောင်ကျေးရွာ
အောင်လံမြို့နယ် မောင်းနှင်လာသော 8J 9501အောင်လံမိုးခရီးသည်တင်တိုရိုတာ ဟိုက်အေ့(စ်)
ကားတို့ မျက်နှာချင်းတိုက်မိရ (၂၂)ဘီး ယာဉ်မောင်း ယာဉ်နောက်လိုက်အောင်လံမိုး
ယာဉ်နောက်လိုက် နှင့် အောင်လံမိုးယာဉ်ပေါ်ပါခရီးသည်(၁၄)ဦးဒါဏ်ရာရပြီးအောင်လံမိုးယာဉ်ပေါ်မှ
ခရီးသည် ဦးမြင့်သန်း(၅၈)နှစ် ၊ (ဘ)ဦးနီ၊ အိုးဘို(၇)လမ်း၊မကွေးမြို့နေသူမှာ နဖူးပေါက်ပြဲဒါဏ်ရာ၊ဝဲခြေမျက်စေ့အောက်ကြေမွဒါဏ်ရာ ယာဘက်နားသွေးထွက်ပေါက်ပြဲဒါဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့သဖြင့် (၂၂)ဘီး ယာဉ်မောင်း ကျော်ကျော်ဦးနှင့် အောင်လံမိုး ယာဉ်မောင်း သိန်းနိုင်ဦးတို့အား အောင်လံမြို့နယ်ဒုရင်္ဂဗိုလ်ရဲစခန်းမှအမှုအမှတ်ယာဉ် (ပ) ၄/၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၊ ၃၀၄ က/၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment