Thursday, March 12, 2015
2:26 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သရက် မတ် ၉
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ကိရိယာ များအားမြို့နယ် များသို့ပေးအပ်ပွဲအခမ်းအနားကို မတ်လ(၉)ရက်နံနက်(၈)နာရီက သရက်ခရိုင် မီးသတ်ဦးစီးဌာနရုံးတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်နှင့် ခရိုင်အဆင့် ဌာန ဆိုင်ရာအကြိးအကဲများ၊သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်ဦးစီးမှူးများ၊မီးသတ်ဝန်ထမ်းများ တက်ရောက် ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်နှင့် တာဝန်ရှိသူများက ခရိုင်အတွင်းရှိ မြို့နယ် များမှ မီးသတ်ဦးစီးမှူးများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ နှင့်မီးငြိမ်းသတ်ရေးပစ္စည်းများ၊ရုံးသုံးပစ္စည်း ၊စာရွက် စာတမ်းများပေးအပ်ရာ မြို့နယ်များမှ မီးသတ်ဦးစီးမှူးများကလက်ခံရယူခဲ့သည်။
ထို့နောက် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လိုက်လန်ကြည့်ရှု့ရာ ခရိုင်မီးသတ် ဦးစီးမှူး ဦးမြင့်နိုင်ထွန်းက ရှင်းလင်းပြသပြီး မီးသတ်ဝန်ထမ်းများမှ လက်တွေ သရုပ်ပြသဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment