Thursday, February 26, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် (၉) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ စလင်းမြို့နယ်စည်ပင်သာယာဈေး အနောက်ဘက်တွင် လိုင်စင်မဲ့ DVD ခွေရောင်းချနေသူ စလင်းမြို့၊ ဆင်ဖြူကျွန်း (၁) ရပ်ကွက်၊ သုံးပင်တောင်ရပ်နေ ဝင်းလှိုင် (၄ဝ)နှစ်အား ရှာဖွေစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။ 

စလင်းမြို့၊ ဆင်ဖြူကျွန်း (၁) ရပ်ကွက်၊ သုံးပင်တောင်ရပ်နေ ဝင်းလှိုင် (၄ဝ)နှစ်ထံမှ ဆင်ဆာမဲ့ DVD တရားခွေ(၁၇)ခွေ၊ မြန်မာ သီချင်းခွေ (၈ဝ)ခွေ၊ နိုင်ငံခြားဇာတ်လမ်းခွေ (၅ဝ)ခွေ၊ စုစုပေါင်း (၁၄၇)ခွေ၊ စုစုပေါင်း တန်ဖိုး ၄၄,၁ဝဝိ/-အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဆင်ဆာမဲ့ဗီဒီယိုခွေများ ရောင်းချသူ ဝင်းလှိုင် အား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉/၂ဝ၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂ (ခ) အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video