ထီးလင်း ဖေဖော်ဝါရီ ၂၅
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ၂၀၁၅ ခုနှစ် နွေစပါးရာသီတွင် စိုက်ဧကအားလုံးကို (GAP) စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးစီစဉ်ဆောင်ရွက်လျှက်ရှိသည့်အပြင် မျိုးကောင်းမျိုးသန့်များကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနက တောင်သူများထံ ဖြန့်ဖြူးထားကြောင်း သိရသည်။
ထို့ပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် တောင်သူများထံအရောက် သွားရောက် ကွင်းဆင်း၍ ဘောင်စနစ်ဖြင့်မျိုးစေ့ချခြင်းနှင့် ပိုးသတ်ဆေးနှင့် မြေသြဇာသုံးစွဲနည်းများကို ရှင်းလင်းဆွေးနွေး ကြပြီး ဖေဖော်ဝါရီ ၂၁ ရက်က ထန်းပင်ကုန်း၊ တောရောင်းကျေးရွာများ၌ ဘောင်ပျိုးထောင်စနစ်ဖြင့် မျိုးစေ့ချ ခြင်းကို လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
Thursday, February 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment