၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည (၇) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း သတင်း စုံစမ်းနေစဉ် မကွေးမြို့၊ မြင်သာရပ်နေ ဦးညွှန့်ကို (၄၈)နှစ်၏ နေအိမ်ကုန်စုံဆိုင်တွင် တရားမဝင် လောင်စာ ဆီများရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်း ရရှိပါသည်။
မကွေးမြို့၊ မြင်သာရပ်နေ ဦးညွှန့်ကို (၄၈)နှစ်၏ နေအိမ်ကုန်စုံဆိုင်တွင် ရေသန့်ဘူးဖြင့်ထည့်ထားသော ဓါတ်ဆီ (၃)ဘူး တန်ဖိုး ၂၁ဝဝိ/-၊ Royal Club ပုလင်းအဝိုင်းပြားဖြင့်ထည့်ထားသော ဓါတ်ဆီပိုင်း ပြား ပုလင်း (၂)လုံး တန်ဖိုး ၈ဝဝိ/-၊ အမဲရောင်ပလပ်စတစ်ပုံး(၁)ပုံးဖြင့်ထည့်ထားသော ဓါတ်ဆီ (၄) ဂါလံခန့် ပုံး(၁) ပုံး တန်ဖိုး ၁ဝ,၄ဝဝိ/-၊ ဓါတ်ဆီရောင်းရာတွင် အသုံးပြုသော ကတော့အစိမ်းရောင် (၁)ခု၊ ပလပ် စတစ်ပိုက်ဆွဲခြင်း (၁)လုံး၊ စုစုပေါင်းတန်ဖိုး ၁၃,၃ဝဝိ/-တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင်လောင်စာ ဆီရောင်းချသူ ညွှန့်ကိုအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၈/၂ဝ၁၅၊ လောင်စာဆီဥပဒေပုဒ်မ ၂၃(၁)(ဂ) အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
0 comments:
Post a Comment