Thursday, February 26, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် (၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ စမ်းကြီးကျေးရွာ အနောက်မြောက်ပိုင်းနေ ဒေါ်ပြုံးစိန်(၄၄)နှစ်သည် နေအိမ် မီးဖိုဆောင်တွင် ထမင်း/ဟင်းချက်ပြုတ်ရာမှ သေချာစွာမီးငြိမ်းသတ်ခြင်းမရှိသဖြင့် မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၃) စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များနှင့် ကျေးရွာသူ/သားများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့၍ ဝ၂၃ဝ အချိန် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မီးလောင်မှုကြောင့် ဒေါ်ပြုံးစိန်၏(၄)ပင်(၃)ပင် နေအိမ်(၁)လုံး၊ ဦးအောင်ရွှေ၏ (၄)ပင်(၃)ပင် နေအိမ် (၁)လုံး၊ ဦးမြင့်ဝင်း၏ (၄)ပင် (၃)ပင် နေအိမ်(၁)လုံး၊ ဦးဌေးဝင်း၏ (၄)ပင် (၃)ပင် နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၄)လုံး တန်ဖိုး ၆ဝဝ,ဝဝဝိ/-၊ မြေပဲ(၁၉ဝ)တင်း တန်ဖိုး ၁,၉ဝဝ,ဝဝဝိ/-၊ နှမ်း(၂၁ဝ) တင်း၊ တန်ဖိုး ၃,၈၅ဝ,ဝဝဝိ/-၊ စုစုပေါင်းတန်ဖိုး ၆,၃၅ဝ,ဝဝဝိ/-ခန့် ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ ဒေါ်ပြုံးစိန်အား မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်း(ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video