နတ်မောက် ဖေဖေါ်ဝါရီ ၂၅
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလက်တွေ့လေ့ကျင့် သရုပ်ပြပွဲကို ဖေဖေါ်ဝါရီ ၂၄ ရက် ညနေ
၅ နာရီက နတ်မောက်မြို့ရှိ မြို့မဈေးအတွင်း၌ ကျင်းပခဲ့သည်။ အဆိုပါမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေမှူး၊ မြို့နယ်မီးသတ်
ဦးစီးမှူး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်
ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေးမီးသတ်
တပ်ဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများတက်ရောက်ကြသည်။ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်
မြို့မဈေးမီးသတ်တပ်ဖွဲ့ဝင်များတို့က မီးသတ်ကားဖြင့်ဈေးအတွင်းရှိ ဈေးဆိုင်ခေါင်မိုးများပေါ်သို့ မီးသတ်ပိုက်ဖြင့်ရေများ ပက်ဖျန်း၍ လက်တွေ့လေ့ကျင့်သရုပ်ပြသခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
Wednesday, February 25, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment