Saturday, February 21, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြေဖြူ/မုံညင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းမောင်မှ ဖူလုံကျေးရွာ၊ တမာတန်းလမ်းဆုံ ဈေးဆိုင်တန်းရှိ ထန်းသီးမုန့်ရောင်း သည့် ဈေးဆိုင်တွင် လူတစ်ဦးသေဆုံးနေကြောင်း ဖုန်းဆက် အကြောင်းကြား သဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
သေဆုံးသူမှာ ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်နေသူ ကိုနန်းဝင်းစိုး (၃၅)နှစ် ဖြစ်ကြောင်း သိရှိရပြီး ပြင်ပ ဒဏ်ရာ မတွေ့ရှိရဘဲ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသူ ဖြစ်၍ ရာသီဥတု အအေးဒဏ်ကြောင့် အအေး ပတ် သေဆုံးခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၅) အရ ရေးဖွင့် ဆောင်ရွက်မှုဖြစ်ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video