၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၀၆း၄၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တရားမ၀င်ဆင်ဆာမဲ့ ဗွီစီဒီ/ဒီဗွီဒီ အခွေများ ရောင်းချနေကြောင်းသတင်းအရ သက်သေများနှင့်အတူ မြိုင်မြို့၊ အမှတ်(၂)ရပ် ကွက်နေ ဇော်နိုင် (၂၆)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ရာ ပလက်စတစ်ခြင်း အနက်ရောင်ဖြင့်ထည့်လျှက် ဆင်ဆာမဲ့နိုင်ငံခြားခွေ (၂၁၅)ချပ်၊ ဆင်ဆာမဲ့မြန်မာသီချင်းခွေ (၁၁၈)ချပ်၊ စုစုပေါင်း(၃၃၃)ချပ်(တန်ဘိုး ၉၉၉၀၀ိ/-ခန့်)တို့ အားရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရပါသည်။
တရားမ၀င် ဆင်ဆာမဲ့ ဗွီစီဒီ/ဒီဗွီဒီ ခွေများရောင်းချသူ ဇော်နိုင်အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃/၂၀၁၅၊ ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဥပဒေပုဒ်မ ၃၂(ခ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment