၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကံမမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် ကံမ မြို့နယ်၊ သက္ကယ်မြောင်ကျေးရွာရှိ အေးစေတီဘုရား ထီးတင်ပွဲတွင် လောင်းကစား ၀ိုင်းများ ပြု လုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါ သည်။
ဝင်ရောက်ရှာဖွေစဉ် သရက်ခရိုင်၊ ကံမမြို့နယ်၊ လယ်တီကျင်း ကျေးရွာနေသူ စိုးမြင့်(၂၅)နှစ် ၊ ကံမမြို့နယ်၊ ကြို့ပင်ရွာနေသူ စည်သူ(၂၅)နှစ် ၊ အောင်လံ မြို့နယ်၊ ရွာတဲကျေးရွာနေသူ ခိုင်ကျော်မင်း (၁၉)နှစ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဘုရားကြီးရပ်ကွက်နေသူ ရန်နိုင်ထွန်း(၁၉)နှစ်၊ ပန်းတောင်းမြို့နယ်၊ ဖန်းခါးပင်ကျေးရွာနေသူ တင်ထွေး(၄၅)နှစ်၊ ပန်းတောင်းမြို့နယ်၊ ကြာအင်းရွာ နေသူ ကျော်ငြိမ်း(၄၆)နှစ် ၊ ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက်နေသူ ရဲခိုင်(၂၅)နှစ် တို့(၇)ဦးအား လေးကောင် ဂျင်၊ ခြောက်ကောင် ဂျင်၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော လောင်းကစား ပစ္စည်းများနှင့် လောင်းကြေးငွေစက္ကူရောရာ (၃၀၂၀၀ိ/-)တို့နှင့်အတူ လောင်းကစား ပြုလုပ်နေသည် ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

0 comments:
Post a Comment