Saturday, February 21, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့ အမှတ်(၁၅)ရပ်ကွက်၊ တိုးချဲ့ရပ်၊ DENKOစက်သုံးဆီဆိုင်၏ အမိုးထပ်ခိုးရှိ ခေါင်မိုး တိုင်တွင် တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးများ လွဲမှားစွာတပ်ဆင်မိသဖြင့် အပူလွန်ကဲ ကာ မီးလန့်မှုဖြစ်ပွားခဲ့ကြောင်း၊ ၀၉း၀၅ နာရီအချိန်မီးငြိမ်းခဲ့ကြောင်း၊ မီးလန့်မှုကြောင့် အရှည်(၂)ပေ၊ (၄)မီတာ ၀ါယာကြိုး(၅)ပင်၊ အရှည်(၂)ပေ၊ (၂.၅)မီလီမီတာဝါယာကြိုး(၆)ပင်၊ အရှည်(၂)ပေခန့် (၁.၅) မီလီမီတာ ၀ါယာကြိုး(၅)ပင်၊ စုစုပေါင်းတန်ဘိုး(၅၀၀၀ိ/-)ခန့်ပျက်စီးဆုံးရှုံးသွားခဲ့ ကြောင်းသိရှိရ ပါသည်။ 
လျှပ်စစ်ဝါယာကြိုးအား ပေါ့ဆစွာတပ်ဆင်သူ ချောက်မြို့၊ အမှတ်(၁၅)ရပ်ကွက်နေသူ ဧဒင်ကုမ္ပဏီ လီမီတက် လျှပ်စစ်ဝါယာထိန်း တာဝန်ခံ ဆန်းထွန်း (၃၀)နှစ် အား အရေးယူပေးပါရန် ၂၀.၂.၂၀၁၅ ရက်နေ့ နေ့လယ် ၁၂း၃၀ အချိန် ချောက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲထွေးအောင် မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေး ယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video