၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၀း၅၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဇီးပြားရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပေါက်မြို့နယ်၊ ခေါင်းပေါင်း ကျေး ရွာနေ ကျော်နိုင်ဝင်း (၂၅)နှစ် သည် မိမိကိုယ်ကို သေကြောင်းကြံစည်နေကြောင်း ခေါင်းပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဖုန်းဖြင့် သတင်းပေးချက်အရ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိပါသည်။
စစ်ဆေးချက်အရ ကျော်နိုင်ဝင်းမှာ မိသားစုစားဝတ်နေရေး မပြေလည်၍ ဇနီးဖြစ်သူနှင့် စကားများ ရာမှ နေအိမ်ခန်းအတွင်း၌ အရိုး ၆ လက်မ၊ အသွား ၄ လက်မ၊ ဗျက် ၁ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းဖြင့် ၄င်း၏ ရင်ညွန့်အား ထိုးသွင်း၍ မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပြီး ဇီးပြားကျေး ရွာ တိုက်နယ်ဆေးရုံတွင် ရဲဆေးစာဖြင့် ပို့အပ်ကာ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရှိရပါသည်။

0 comments:
Post a Comment