Sunday, February 22, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ အိုင်းမရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အိုင်းမကျေးရွာအနီး မန်းချောင်းအစပ်တွင် လူတစ်ယောက် သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ သေဆုံးနေသူမှာ အသက်(၃၅)နှစ်ခန့်၊ အရပ်(၅)ပေ(၄)လက်မခန့်၊ ခန္ဓာကိုယ် တုတ်၊ (အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)၊ အမျိုးသားတစ်ဦးအား အရက်နံ့နံနေသော ရေသန့်ဗူးခွံတစ်ဗူး၊ သားရေ ဖိနပ် တစ်ရံ၊ ထမင်းထုပ် တစ်ထုပ်နှင့်အတူ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံး နေသည် ကို တွေ့ရှိရသဖြင့် ၄င်းသေဆုံးသူမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video