Monday, February 23, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၉ နာရီခွဲအချိန်ထိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး အသိပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၁၅)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိ ပါသည်။
သင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလူလူသန်း၊ ဒုတိယမကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီးအောင်စိုးဝင်း၊ မကွေးတိုင်းဒေသကြီး အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသန့်၊ သင်တန်းသားအရာရှိများ၊ သတင်းမီဒီယာ အဖွဲ့များ စုစုပေါင်း(၅၅)ဦးတက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းအား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ နေ့ ၁၂ နာရီအချိန်ထိလည်းကောင်း၊ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီ အချိန်ထိလည်းကောင်း ဒုတိယမကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး အောင်စိုးဝင်းနှင့် မကွေးတိုင်းဒေသကြီး အထွေထွေ ရွေးကောက်ပွဲကော်မရှင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးသန့်တို့မှ ပို့ချသွားမည် ဖြစ်ပြီး သင်တန်းသား ဒုတိယရဲမှူးကြီး(၅)ဦး၊ ဒုရဲမှူး(၁၃)ဦး၊ ရဲအုပ်(၃၂)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video