၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀း၂၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၆) ရပ်ကွက်၊ တက္ကသိုလ်အနီး၊ မြို့ရှောင်လမ်းပေါ်တွင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပခုက္ကူမြို့နယ်၊ ကမ္မကျေးရွာဘက်မှ ရေစကြိုမြို့နယ် ဘက်သို့ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်နေသူ ယာဉ်မောင်း အောင်ကိုမြင့် (ခ)အောင်စိန် (၃၄) နှစ် မောင်းနှင်လာသော 8G/4652 အ၀ါရောင် လိုက်ထရပ်ယာဉ်မှာ အမှတ်(၆) ရပ်ကွက်၊ တက္ကသိုလ်အနီးတွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်သို့ တိမ်းမှောက် သွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည်ကျား(၅)ဦး၊ မ(၁၇)ဦးအနက် ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာနေ ဒေါ်ညိုကြည်(ခ)ဒေါ်မြင့် (၅၀) နှစ်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲ ဒဏ်ရာတို့ဖြင့် အခင်းဖြစ်အရပ်တွင် သေဆုံးသွားခဲ့ကြောင်း၊
ပခုက္ကူမြို့နေသူ မောင်ဥာဏ်ဝင်းလှိုင် (၂၁) နှစ် နှင့် ရေစကြိုမြို့နယ်၊ ငါးမြှာလေးကျေးရွာနေသူ ဒေါ်အေးခိုင် (၄၅)နှစ်တို့ (၂)ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများ၊ ဒေါ်တင်မွှေးပါ (၁၉)ဦး တွင် မစိုးရိမ်ဖွယ်ဒဏ်ရာများ အသီးသီး ရရှိခဲ့၍ ပခုက္ကူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက် ရှိကြောင်း၊
ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ကိုမြင့်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ) ၂၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရှိရပါသည်။

0 comments:
Post a Comment