၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၀၄း၁၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရွှေကူနီတပေါင်း ပွဲတော်တွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေစဉ် ထန်းတောကျေးရွာ ဧရာဝတီမြစ်ဆိပ်ကမ်း၌ စက်လှေ(၁)စီး ခေါင်မိုး ကျိုးကျ ရာမှ ခရီးသည်များ ဒဏ်ရာရရှိကြောင်းသတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ခဲ့ ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ညောင်တိုကျေးရွာနေသူ စက်လှေမောင်း မြင့်လွင် (၄၅) နှစ် မောင်းနှင်သော `စိန်မေတ္တာ´ စက်လှေတွင် ခရီးသည်(၃၀)ဦးအား တင်ဆောင်၍ ထန်းတောကျေးရွာ ဆိပ်ကမ်းမှ ပခန်းငယ်ဆိပ်ကမ်းသို့ သွားရောက်ရန် ဆိပ်ကမ်းမှခွါစဉ် ခရီးသည် (၁၀)ဦးခန့် မှာ စက်လှေခေါင်မိုးပေါ်သို့ ပြေးတက်သဖြင့် ခေါင်မိုးကျိုးကျပြီး ပခုက္ကူမြို့၊ အမှတ်(၂) ရပ်ကွက်နေသူ ဒေါ်လှစန်း(၆၀) နှစ် တွင် ဦးခေါင်း ဖူးရောင်ဒဏ်ရာ၊ ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိသဖြင့် ပခန်းကြီးတိုက် နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူ နေစဉ် ညနေ ၀၆း၁၅ နာရီအချိန်၌ သေဆုံးသွား ခဲ့ကြောင်းသိရှိရပြီး မန္တလေးတိုင်းဒေ သကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ ဒ်ါစန်းထွေး(၅၀) နှစ်နှင့် ချမ်းအေးသာဇံမြို့နယ် နေသူ ဒေါ်တင်တင်လှ (၅၃) နှစ်တို့(၂)ဦးတွင် စိုးရိမ်ဖွယ်မရှိဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရှိရပါ သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စက်လှေအားမဆင်မခြင် မောင်းနှင်သူ မြင့်လွင်အား ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေရဲစခန်း (ပ)၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၀/၃၀၄-က အရ အမှုရးဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment