၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းမှူး တာဝန် ဆောင်ရွက် နေစဉ် မောင်းတိုင်(၂)ရပ်ကွက် ရာအိမ်မှူး ဦးဝင်းအောင် ရောက်ရှိလာပြီး အဆိုပါ ရပ်ကွက် အတွင်း နေထိုင်သူ ကိုချောကြီး(၄၂) နှစ် မှာ ၂၁.၂.၂၀၁၅ ရက်နေ့ ည ၈နာရီခွဲ အချိန်ခန့်တွင် ၄င်း၏နေအိမ်၌ ရေချိုးနေရာမှ ရုတ်တရက် လဲကျကာ အမြင့်(၃)ပေ၊ အချင်း(၂)ပေခွဲ ခန့်ရှိ အင်္ဂတေ စည်ပိုင်းနှင့် ဦးခေါင်းထိခိုက်မိကာ သေဆုံးသွားခဲ့ကြောင်း သတင်းပေးချက်အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ ကိုချောကြီးတွင် ယာပါး ပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်း ယာဘက်ဖူးရောင်ဒဏ်ရာများ ရရှိပြီး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း နှင့် ကိုချောကြီးသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၅ အရ ရေးဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment