Monday, February 23, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းမှူးတာဝန် ဆောင်ရွက်နေစဉ် မကွေးမြို့၊ အောင်မေတ္တာ(ဘီ)ရပ်ကွက်၊ (၁၇)လမ်းနေ ဆယ်အိမ်မှူး ဦးတိုးဝင်းနှင့် ဒေါ်မင်းမင်းစိုး တို့ ရောက်ရှိလာပြီး ဒေါ်မင်းမင်းစိုးမှ ၄င်း၏သားဖြစ်သူ မောင်သော်ခန့်လွင် (ခ)ကိုကို (၁၅) နှစ် သည် ၂၁.၂.၂၀၁၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ၄င်း၏သူငယ်ချင်းများ နှင့်အတူ အောင်မေတ္တာ (က)ရပ်ကွက်၊ ၁၆ လမ်း အနောက်ထိပ်ရှိ ဧရာဝတီမြစ်ဆိပ်တွင် ရေဆင်းချိုး ရာမှ သော်ခန့်လွင် မှာ ရေနစ်မြုပ်သွားခဲ့ကြောင်း၊
မြင်းကင်းကျေးရွာနေသူများမှ လိုက်လံရှာဖွေရာ ၂၂.၂.၂၀၁၅ ရက်နေ့ ၁၂နာရီခွဲ အချိန်ခန့်တွင် ရေနစ် သည့်နေရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ မြင်းကင်း မြစ်ရေတင်နေရာအနီး၌ မောင်သော်ခန့်လွင်၏ အလောင်းအား တွေ့ရှိဆယ်ယူရရှိကြောင်း သတင်းပေး ပြောကြားချက်အရ သွားရောက်စစ်ဆေး ရာ သော်ခန့်လွင် အား ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေသည် ကို တွေ့ရှိရ ၍ သော်ခန့်လွင် သေ ဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၅ ဖြင့် ရေးဖွင့် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video