Tuesday, February 17, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဉ် ဂန့်ဂေါ မြို့နယ်၊ လယ်မရွာအရှေ့ဘက် လောင်ထောင်ချောင်းစပ်အနီးတွင် ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာနေ ၊ မောင်ထိန်လင်း(၃၅)နှစ်၏ လက်ထဲ၌ တူမီးတစ်လက်ကိုင်ဆောင်လာသည်ကိုတွေ့ရှိရ၍ စစ်ဆေး မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။ 

၎င်းမှ ပြန်လည်ပြုပြင်ရန်ယူဆောင်လာခြင်းဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် တရားမဝင်တူမီး သေနတ် ကိုင်ဆောင်သူ မောင်ထိန်လင်းအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၇/၂ဝ၁၅၊ လက်နက်အက် ဥပဒေ ပုဒ်မ ၁၉(စ) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video