၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့လည် (၁၂း၄၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ မြို့မရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၆/၂ဝ၁၅)ဖြင့် မကွေးမြို့၊ မြင်သာရပ်ကွက်နေ ဒေါ်စန်းစန်းမြင့် (၅၁)နှစ် ၏ နေအိမ်ဈေးဆိုင်တွင် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်း အရ သွားရောက်ရှာဖွေ ခဲ့ကြောင်း သတင်းရရှိပါသည်။
မကွေးမြို့၊ မြင်သာရပ်ကွက်နေ ဒေါ်စန်းစန်းမြင့်(၅၁)နှစ်၏ နေအိမ်ဈေးဆိုင်ဘုရားခန်းအတွင်း ကုတင် ပေါ်ရှိ အင်္ကျီနှင့်အိတ်အတွင်းတို့မှ နှစ်လုံးထီလောင်းကစားရာတွင်အသုံးပြုသော ဘောင်ချာစာအုပ်၊ နှစ်လုံးဂဏန်းများရေးသားထားသောစာရွက်စာတမ်းများနှင့် ငွေစက္ကူရောရာ ၃၆ဝဝဝိ/- တို့အား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ ၊ ဒေါ်စန်းစန်းမြင့်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၄ဝ/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment